Thursday, August 8, 2013

ခုန်ချက်......





၁၃ ထပ်တွင်ရှိသော ရုံးခန်းတွင် မောင်ထုံ ထိုင်နေသည်။

ထိုအချိန်တွင် လူတစ်ယောက် အမောတကောတက်လာပြီး အော်ပြောလိုက်သည်။

"ကိုအုန်းကြိုင်၊ ခင်ဗျားသမီးလေး ချယ်ရီ ကားအက်ဆီးဒင့်ဖြစ်လို့ သေပြီဗျ။!"

မောင်ထုံ အရမ်းစိတ်ထိခိုက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

အောက်သို့ ပြုတ်ကျနေရင်း ၁၀ ထပ်ခန့်သို့ ရောက်သောအခါ သူ့တွင် ချယ်ရီဆိုသည့် သမီးမရှိကြောင်း စဉ်းစားမိသည်။

၅ ထပ်ခန့်သို့ ရောက်သောအခါ သူသည် အိမ်ထောင်မရှိသူ လူပျိုကြီးဖြစ်ကြောင်း စဉ်းစားမိသည်။

မြေကြီးပေါ်သို့ ရောက်ခါနီးတွင် သူသည် အုန်းကြိုင်မဟုတ်ကြောင်း သတိရသည်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...