သေအံ့မူးမူးဖြစ်နေသောမိန်းမတစ်ယောက်သည် ကုတင်ပေါ်၌ လှဲနေရှာသည်… သူ့နဘေးတွင်ရှိသော ခင်ပွန်းဖြစ်သူဘက်သို့လှည့်၍ အားယူကာ စကားပြောလိုက်သည်
"ယောက်ျားရေ ကျမ မသေခင်မှာ ရှင့်ကို ဝန်ခံပြောပြစရာ ရှိနေတယ်"
"ရပါတယ်မိန်းမရယ် မင်းမောနေပါ့မယ် နားလိုက်ဦးနော်"
"မပြောလို့မဖြစ်ပါဘူး ကျမ ဒါကိုမပြောရင် ကျမအသေဖြောင့်မယ်မထင်ပါဘူးရှင်"
"ကဲ ဒါဆို ဖြေးဖြေးချင်းပြောနော်"
"ကျမလေ ရှင်ပေးတဲ့ပိုက်ဆံတွေကို ကျမ ငယ်ရည်းစားကို ပေးသုံးမိတယ် အငယ်ဆုံးသားလေးကလည်း တကယ်တော့ ရှင့်ကလေး မဟုတ်ပါဘူး…… ပြီးတော့ ရှင့်ရဲ့ စိန်လက်စွပ်ခိုးတာလည်း ကျမပါပဲ ရှင့်သမီးကြီးကို မောင်းထုတ်ဖြစ်အောင် သူ့ကျောပိုးအိတ်ထဲကို ကျမထည့်ခဲ့တာပါ သမီးကြီးလည်း အိမ်ပေါ်က ဆင်းသွားတယ်လေ ပြီးတော့ ရှင်ခရီးသွားတိုင်း ကျမချစ်သူနဲ့ အတူတူနေနေခဲ့တာပါ ဒီအမိုက်မကို ခွင့်လွှတ်ပါနော် ………"
"အေးပါကွာ ဒါတွေအားလုံး ငါသိနေခဲ့ပါတယ် ဒါကြောင့်မို့လည်း အဆိပ်ခတ်ခဲ့တာပေါ့"
" ဂစ် "
Friday, August 2, 2013
ဂလိုကိုး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment