Monday, August 12, 2013

အာဒမ်နှင့် ဧ၀သည် အာဖရိက၌ ရှင်သန် နေထိုင်ခဲ့ပုံရကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ


ကမ္ဘာဦးလူသားများအဖြစ် သတ်မှတ်ခြင်း ခံထားရသော အာဒမ်နှင့် ဧ၀တို့သည်

 အာဖရိက၌ ရှင်သန် နေထိုင်ခဲ့ပုံရကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စတန့်ဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ စူးစမ်းလေ့လာမှုများ အရ တွေ့ရှိခဲ့သည်။ သိပ္ပံပညာရှင်များသည် အာဒမ်၏ ၀ိုင်ခရိုမိုဆိုမယ်လ် ဆဲလ်နှင့်
ဧ၀၏ မီတိုခရုန်ဒရယ်ဆဲလ် အမျိုးအစား ပါဝင်သော လူများကို 

လိုက်လံရှာဖွေပြီး စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ အာဒမ်နှင့်ဧ၀တို့သည်
မူလက မျှော်မှန်းထားသည်ထက် ပိုမို ရှေးကျသောကာလ၌
အသက်ရှင် နေထိုင်ခဲ့သည်ဟု သတ်မှတ်ခဲ့ကြသည်။

အာဒမ်၏ ဆဲလ်အမျိုးအစားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၆၀၀၀ နှင့် အထက် ကာလ၌ အသက်ရှင် နေထိုင်ခဲ့သော ရှေးခေတ်လူသားများ၏ ခန္ဓာကိုယ်တွင်း
တွေ့ရှိရနိုင်ပြီး ဧ၀၏ ဆဲလ်အမျိုးအစားကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၈၀၀၀ ၀န်းကျင်၌ အသက်ရှင်နေထိုင်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသည်။
သို့ရာတွင် သိပ္ပံပညာရှင်များသည် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ပြီးနောက်
ထွက်ပေါ်လာသော လူသားဆဲလ် ပုံစံသစ်များနှင့် ပတ်သက်၍
စူးစမ်းရှာဖွေမှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း
စတန့်ဖို့ဒ်တက္ကသိုလ်မှ မျိုးရိုးဗီဇဆိုင်ရာ စူးစမ်းလေ့လာရေး ပါမောက္ခ
ကားလို့စ်ဘူစတာဖန်တီက ပြောကြားသွားခဲ့သည်။

- ပြည်မြန်မာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...