၁၉၆၂ ခုနှစ၊် မတ်လ (၂) ရက်နေ့ မှာ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေ၀င်း ဟာ
နိုင်ငံရေးအာဏာကိုရယူခဲ့ပါတယ်။
တော်လှန်ရေးအစိုးရဟာ ဇူလိုင် (၄) ရက်နေ့ မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်
ပါတီ ကိုဖွဲ့ စည်းခဲ့ ပြီး ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို
ခုတ်မောင်းဖို့ ပြင်ဆင်ခဲ့ တဲ့ အတွက် တပ်မတော်ဟာ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီရဲ့  ဦးဆောင်မှုအောက်ကနေ ဆက်လက်ချီတက်ရပါတော့တယ်….။
ဒီကာလမှာ တပ်မတော်အနေနဲ့အမြတ်ထွက်ခဲ့တာကတော့
အရင်က နောက်ကျောဓါးနဲ့ ထောက်
သလိုဖြစ်နေ တဲ့  နိုင်ငံရေးပါတီတွေက
ကျောထောက်နောက်ခံပြုထားတဲ့  ပြူစောထီးတပ်တေ၊ွ စစ်ဝန်ထမ်း
တပ်တေ၊ွ ပြည်ထောင်စုစစ်ရဲတပ်တွေ အားလုံးကို
တပ်မတော်တပ်ရင်းတွေ အဖြစ် အသွင်ပြောင်း ဖွဲ့စည်း
လိုက်နိုင် တာပါပဲ။ ကျန်တာကတော့ ဘာမှသိပ်မထူးလှပါဘူး…..။
တပ်မတော်သားအများစုဟာ ဆိုရှယ်လစ်စနစ်ဆိုတာကို
သိပ်မသိသလို ဒီမိုကရေစီဆိုတာကိုလဲ
သိပ်တော့နားမလည်လှပါဘူး။
သူတို့ဟာ တစ်နှစ်မှာ ရက်သုံးရာလောက် ရှေ့တန်းမှာ
တိုက်ပွဲဝင် နေကြရတာပါ။
သူ တို့ သိတာက တစ်ခုပဲ ရှိပါတယ်၊
အဲဒါကတော့  ရဲဘော်ရဲဘက်စိတ်ပါ၊
စစ်သား မဖြစ်ဘူးတဲ့ သူတစ်ဦး
ဘယ်လိုမှ နားမလည်နိုင်တဲ့စိတ်ပါ။
အပြင်လူ နားလည်အောင် အနီးစပ် ဆုံးပြောရရင်တော့
အမြောက်ဗုံးဆံတွေ
တဂျိမ်း ဂျိမ်း ပစ်နေတဲ့ကြားထဲ ဒဏ်ရာနဲ့ လဲနေတဲ့ 
သူငယ်ချင်းကို ပြန်တက်ဆွဲတာဟာ ဒီစိတ်က
မောင်းနှင်ပေးတဲ့ ခွန်အား တစ်ခုပေါ့…..…။
ဒါပေမယ့် ဘယ်လိုပဲ ပဲ့ကိုင်သူတွေပြောင်းပြောင်း
တပ်မတော် အနေနဲ့ ဆက်ရင်ဆိုင်ရတာကတော့
မဆုံးနိုင်တဲ့ တိုက်ပွဲခရီးကြမ်း အထပ်ထပ်ပါပဲ၊
အရေအတွက် လေးငါးဆယ်နီးပါးရှိတဲ့ လက်နက်ကိုင်တွေနဲ့ 
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်၊
သူ့ ဖက် ကိုယ့်ဖက် အပြန်အလှန် အပြစ်ဖို့ ၊
နောက်ဆုံးတော့
ဒုံရင်းဒုံရင်း ကျောပိုးအိတ်လွယ်ပြီး အမြဲတန်းပဲ
သေနတ်ပဲ ပြန်ကိုင်ရနေကျမို့ အသစ်ဝင်ရောက်လာတဲ့
တပ်မတော် ရဲ့ ဒုတိယမျိုးဆက် ခေါင်းဆောင်ငယ်တွေဟာ
အမှန်ပြောရရင်တော့ ဘယ်သူ့ ကိုမှ သိပ်မယုံ ကြည်
လှတော့ပါဘူး…..။
အချိန်တန်ရင် အိမ်ပြန်ရတာ မဟုတ်ပဲ တောတွင်းတစ်နေရာမှာ
သူ့ သူငယ်ချင်းကို ကျင်းတူး
မြုပ်နှံရတာပဲ ဖြစ်နေတော့ ဘယ်သူတွေ ဘယ်လိုပြောပြော
မြန်မာပြည်လို တိုင်းပြည်မျိုးမှာ "သူတို့ အင်အားရှိမှ
သူတို့ အသက် ရှင်မယ်" ဆိုတဲ့ သင်ခန်းစာကို
အတော်များများဟာ အရိုးထဲစွဲ သွားခဲ့ပါတယ်………..။
ကျန်အပိုင်းများဆက်တင်ပါမည်။
- Ye Moe
ဆက်လက်ဖတ်ရှုလိုသေးလျှင်
http://goldenlandnew.blogspot.com/2013/08/blog-post_1812.html
http://goldenlandnew.blogspot.com/2013/08/blog-post_9868.html
http://goldenlandnew.blogspot.com/2013/08/blog-post_6870.html







0 comments:
Post a Comment