ကျောက်ကြီး မြို့နယ် ၊ ကော့ပြင်း ကျေးရွာမှ ကိုအေး ၃၅ နှစ် ၊ ဦးသန်းလွင် ၅၀ နှစ် ၊ ဦးဖိုးသောင်း ၅၅ နှစ် ၊ ဦးမြင့်နောင် ၄၅ နှစ် ၊ ကိုအရှည်ကြီး ၃၅ နှစ် နှင့် ကိုအောင်ဇော်မျိုး ၃၄ နှစ်တို့သည် ကျေးရွာအနီး တောတွင်း၌ မျှစ်ချိုးခြင်း ၊ မီးသွေးဖုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် သြဂုတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က KNU အဖွဲ့ တပ်မဟာ ၃ ၊ တပ်ရင်း ၈ မှ တပ်စုမှူး အဆင့်ရှိသော ဒီပလက်ဝါး ဦးစီး ၇ ဦးက လက်နက်ငယ် အချို့ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ရွာသားများအား ၄င်းတို့ နေထိုင်ရာ အတွင်းပိုင်းသို့ အကြောင်းမဲ့ ခေါ်ဆောင် သွားသည်။
ကျောက်ကြီး မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများသည် မိမိတို့၏ ဘ၀ရပ်တည် နေထိုင် နိုင်ရေး အတွက် ရိုးသား အေးဆေးစွာ ဖြင့် ရှာဖွေ လုပ်ကိုင် စားသောက် နေထိုင် လိုကြသော်လည်း ယခုကဲ့သို့ ဖြစ်စဉ် များကြောင့် လွတ်လပ်စွာ အသက်မွေး ၀မ်းကျောင်းမှု နှင့် ဘ၀ လုံခြုံမှု မရှိဘဲ အထိတ်တလန့် ဖြင့် နေထိုင် ကြရလျက် ရှိကြောင်း သိရှိရသည်။
The Myawady Daily







0 comments:
Post a Comment