Sunday, August 11, 2013

စစ်ပွဲကြီး ပြီးဆုံးသွားသည်ကို မသိဘဲ နှစ်ပေါင်း ၄၀ကြာ တောနက်ထဲ ပုန်းအောင်းနေထိုင်ခဲ့သည့် သားအဖ





တောတွင်းမှာ နေထိုင်ခဲ့စဉ်က သစ်ခေါက်များဖြင့် အ၀တ်အစားများ ပြုလုပ်ဝတ်ဆင်ကြပြီး ကိုယ်တိုင် ထွန်ယက် စိုက်ပျိုး စားသောက်နေထိုင် ခဲ့ကြသည်။

အမေရိကန်များ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် စစ်ပြီးဆုံးကြောင်း သတင်းကို မသိနိုင်လောက်အောင် ပုန်းအောင်း နေနိုင်ခဲ့သော သားအဖနှစ်ဦးကို နှစ်ပေါင်း (၄၀) ကြာမှ တောနက်ကြီးထဲမှ ပြန်လည် တွေ့ရှိခဲ့ကြသည်။

တွေ့ရှိသည့် အချိန်မှာ ဖခင်ဖြစ်သူမှာ အဖိုးအိုအရွယ် အသက် (၈၂) နှစ် ရှိနေပြီး သားက အသက် ၄၁ နှစ် ရှိနေပြီ ဖြစ်ပါသည်။

ယင်းတို့ သားအဖနှစ်ဦးကို ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က ဗီယက်နမ်နိုင်ငံ အလည်ပိုင်း Ho Van Lang မှ ကီလိုမီတာ (၄၀) ခန့် ဝေးကွာသော တောနက်ထဲမှာ ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူဟာ လူမျိုးစု စကားကို သာ ပြောဆိုနိုင်တော့သည်။ သားဖြစ်သူ ကတော့ စကားလုံး အနည်းငယ်ကိုသာ ပြောတတ်လေသည်။

ဖခင်ဖြစ်သူ၏ ပြန်လည် ပြောကြားချက်အရ စစ်ပွဲကြောင့် ၁၉၇၃ ခုနှစ်မှာ သူ့အိမ်မှာ ဗုံးဆန်ကျရောက် ပေါက်ကွဲခဲ့ပြီး သူ့ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦး သေဆုံးသွားခဲ့ပါရသည်။

ဒီသားအဖနှစ်ဦးဟာ စစ်ဘေးစစ်ဒဏ်ကနေ ရှောင်တိမ်း လွတ်မြောက်ခဲ့ပြီး တောနက်ကြီးထဲတွင် ရုပ်ရှင်များထဲက တောတွင်း လူသားများဖြစ်သည့် တာဇံများကဲ့သို့ သစ်ပင်ပေါ်တွင် အိမ်ဆောက်ပြီး သီးပင်စားပင်များကို စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းများ ဖြင့် အသက်ဆက်ခဲ့ကြရသည်။ သားဖြစ်သူ၏ ဆံပင်စတိုင်မှာ ခပ်ဆန်းဆန်းဖြစ်နေသည်။

အနှစ် ၄၀ ကာလပတ်လုံး ဤသားအဖနှစ်ဦးမှာ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်ပြီး နေထိုင်ခဲ့ကြရသည်။

အ၀တ်အစားများမှာ သစ်ခေါက်ကို ယက်လုပ်ဖန်တီးပြီး ၀တ်ဆင် ထားသည်ကို တွေ့ရှိခဲရသည်။ သစ်ခေါက်အင်္ကျီ အသစ်တစ်ခုကိုလည်း ဖန်တီး ပြုလုပ်ထားကြသည်။

တွေ့ရှိချိန်မှာ ဖခင်ဖြစ်သူမှာ လွန်စွာ အားနည်းပြီး ပိန်လှီနေသည့်အတွက် တောထဲမှ ထမ်းစင်နှင့် သယ်ယူခဲ့ပြီး ယခုအခါမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပါသည်။။

မြို့ပြနှင့် အသားမကျသည့်အတွက် တောတွင်းလူသား သားအဖနှစ်ဦးကို ဒေသခံရွာသားများနှင့် အာဏာပိုင်များက သူတို့ ၂ ဦး တောတွင်းကို ပြန်၍ ထွက်ပြေး မသွားနိုင်အောင် စောင့်ကြပ် ကြည့်ရှုနေကြရကြောင်း သိရပါသည်။

-
မောက္ခ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...