'' အချိန်နှင့် ဒီရေသည် လူကို မစောင့် '' ဆိုတဲ့ စကားပုံရှိတယ်..။
အချိန်တို့ ဒီရေတို့ဆိုတာ.. သူ့သဘောသူဆောင်ပြီး..
သူ့သဘာဝအတိုင်း.. ဖြစ်ပျက်နေကြတာပဲ..။
လူသားက အဲ့ဒီသဘာဝကို အမိအရ အကျိုးရှိအောင်
အသုံးချနိုင်ရင် ချနိုင်သလောက် အကျိုးရှိပြီး..
အသုံးမချနိုင်ရင် မချနိုင်သလောက် အကျိုးမရှိ-အကျိုးမဲ့ပါတယ်..။
အဲသလိုပါပဲ..။
လတ်တလော ကျွန်တော်တို့ နိုင်ငံရဲ့  အခြေအနေက
'' အချိန်နဲ့ ကမ္ဘာသည် မြန်မာကို မစောင့် '' လို့ ပြောရမယ် ထင်တယ်..။
အခြေအနေ-အချိန်အခါကို အကျိုးရှိအောင် မသုံးမချနိုင်ရင်..
ကျွန်တော်တို့ပဲ (ထုံးစံအတိုင်း) နောက်ကျ ကျန်နေခဲ့မှာပဲ..။
မနေ့က မရှိတာ.. ဒီနေ့ရှိလာတိုင်း တိုးတက်တယ်လို့ ပြောမရဘူး..။
တိုးတက်သင့်သလောက် မတိုးတက်ရင်.. ဆုတ်ယုတ်တာပါပဲ..။
0 comments:
Post a Comment