လွန်ခဲ့တဲ့ ၃ နှစ် ကျော်က အွန်လိုင်းပေါ်မှာပါ
စစ်သားတွေ မကောင်းပြောလို့ ဘ၀ တွေနဲ့ အခြေ အနေတွေ သိအောင် ရှင်းပြတယ် ၊ ချက်ကျ လက်ကျရှင်းပြခဲ့တယ် ။
သူတို့တွေ လက်ခံလာပြီး နောက်ပိုင်းမှာ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတယ် ။
ဘာ့ကြောင့် အပြောခံရလဲဆိုတော့ လူညီတော့ ဤကို ကျွဲဖြစ်ကုန်တာပေါ့ ။
မဟုတ်မဟတ်တွေ ပြောတဲ့သူတွေက ဖွတော့ မရောက်ဖူး မမြင်ဖူးတဲ့ အဝေးရောက်ပြည်သူတွေက အဟုတ်ထင်တာပေါ့ ။
ဒီလိုနဲ့ စစ်သား ဘ၀ ကို ကျွန်တော်တို့ ရှင်းပြခဲ့တယ် ။
ခု နောက်ပိုင်းမှာတော့ အပေါ်လူကြီးတွေကို မကြိုက်တိုင်း မကျေနပ်တိုင်း ပြောချင်တိုင်းပြောမရတော့ဘူး ။ သူတို့ စကားတွေကို မယုံကြတော့ဘူးလေ ။ ခုနောက်ပိုင်း မှာ
ရုရှားက ညီ အစ်ကိုတွေက ရှင်းပြ အဝေးရောက်နေတဲ့ စစ်သား ဖြစ်ဖူးတဲ့သူ ( အစစ် ) တွေက၀ိုင်းဝန်းရှင်းပြရင် အွန်လိုင်းပေါ်မှာ စစ်သားနဲ့အဝေးရောက်ပြည်သူတို့ နွေးထွေးလာခဲ့ကြတယ် ။
ဒီတော့ ခု သူတို့ ဘယ်လိုတွေ ပြောကုန်ပြီ ထင်လဲ ။
ဒါဟာ သူတို့ အတွက် နောက်ဆုံး လက်နက်ကျန် ကျည်ဆံလေးပေါ့ ။
အောက်ခြေက စစ်သားတွေကို ဘန်းပြပြီး အသနားခံနေတာတဲ့ ။
ဟုတ်ကဲ့ ...
အထက်က စစ်သားအိုကြီးတွေကလည်း ကော်ဖီမစ်သောက် မဲပေါက်ပြီး ပခုံးပေါ် အပွင့်တွေရောက် ခဲ့တာ မဟုတ်ပါဘူး ။ သူတို့လဲ ၁ ချိန်တုန်းက သေနက် ၁ လက် အသက် ၁ ချောင်း ၊ ခြေ ၂ ချောင်း လက် ၂ ချောင်းနဲ့ တိုက်ပွဲ ၀င်ခဲ့သူတွေပါ ။
ကျွန်တော် တို့ကတော့ ပြုံးနေမိတယ် ။ အရင်က ၁၀ ယောက် ၁ ယောက် စကား ပြိုင်ပြီး ပြောခဲ့ဖူးတယ် ။ ဒီလိုပဲလေ စစ်သားကို မဟုတ်တာ ဖွပြီး ပြောနေတာ
ငါ စစ်သား ဖြစ်ရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အတွေးနဲ့ ခုလက်ရှိ ဖြစ်နေတဲ့
စစ်သား တွေကို အပုတ်ချလိုက်တာ ။
ခုချိန်များ မရတော့ဘူးလေ ။ အားလုံးသိလာကြပြီ ၊ ပွင့်လင်းမြင်သာမှုပေါ့ဗျာ ။
သေချာ စဉ်းစားပါ တပ်မတော်ရဲ့ ရာထူး အစဉ်အလာဆိုတာ တြိဂံ တုံး ၁ ခုလိုပါပဲ ၊ အားလုံးက အောက်ခြေကနေ တက်လာကြတာပါ ။
စစ်သားတိုင်း အသက်လုပြီး ကျည်ဆံကြားမှာ ဖြတ်ဖူးတယ် ။
စစ်သားတိုင်း သစ္စာ လေး ချက်ရွတ်ဆိုကြတယ် ။
စစ်သားတိုင်း တိုင်းပြည်နဲ့ လူမျိုး အတွက် သွေးမဟုတ်တောင် ချွေးပေါင်းများ စွာ ကြဖူးတယ် ။
စစ်သားတိုင်း မိသားစုနဲ့ ကွဲကွာခြင်း ကံကြမ္မာ ကြုံဖူးတယ် ။
စစ်သားတိုင်း လက်ညိုးလေးတွေ ကွေးပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ၁ ပါး သီလကို ကျူးလွန်ဖို့ အသင့်ရှိတယ် ။
ကုန်ကုန်ပြောမယ် စစ်သားတိုင်း စစ်ပွဲကို မုန်းတယ် ။
ME
Tuesday, August 6, 2013
စစ်သားဆိုတာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment