Tuesday, August 6, 2013

ဆန္ဒလေးတွေမစောကြပါနဲ့

အများရှေ့မှောက်မှာ ပြောကြဆိုကြပြီဆိုရင် လူ့သဘာဝအဂတိသဘော ကင်းနိုင်သမျှကင်းကြဖို့က အလွန်ပင်အရေးကြီးလှပါတယ်။
နိုင်ငံရေးလို မာယာတွေများ ကျယ်ပြောနက်နဲလှတဲ့နေရာကို မပြောနဲ့ဦး၊ သာမာန်ဝတ္ထုတစ်ပုဒ် စာလေးတစ်ကြောင်း ရေးကြရင်တောင် အဂတိမကင်းနိုင်ကြတာလေးတွေ တွေ့တွေ့နေရပါတယ်။

စာရေးတဲ့သူစေတနာလွဲရင် ဇာတ်ကောင်လေး လေးငါးခြောက်ယောက် ပါတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်ဟာ လူ့ယဉ်ကျေးမှုအသိုင်းအဝိုင်းတစ်ခုကို အချိန်အတော်ကြာကြာ ဒုက္ခပေး ပဋိပက္ခဖြစ်စေတတ်ပါတယ်။

(၁၉၈၈) အရေးအခင်းနဲ့ အခုလက်ရှိအခြေအနေနဲ့လည်း သွားမရောပါနဲ့၊ (၈၈) အရေးအခင်းမတိုင်မှီက ခင်ဗျားတို့တွေဘယ်လိုပဲ စစ်အာဏာရှင်ပြောပြော
အမှန် တစ်ကယ်အစိုးရက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ နိုင်ငံရေးအစိုးရပါ။

အခြေအနေတွေ ရှုပ်ထွေးလွန်းတဲ့အချိန်မှာ ပြည်သူတွေကို ပါတီစုံစနစ်နဲ့မိတ်ဆက်ပေးလိုက်တာလဲ အဲဒီအစိုးရပါပဲ၊

ခင်ဗျားတို့ “ဒီမိုကရေစီ” မအော်တတ်ခင်မှာ “ပါတီစုံ” ဆိုတဲ့စကားကို သူတို့အရင်ပြောခဲ့တာပါ၊

အားလုံး မသိချင်ယောင်ဆောင်မနေပါနဲ့၊ တစ်ကယ်မသိကြရင်လည်း မှတ်ထားလိုက်ပါ၊ မယုံရင်လည်း မှတ်တမ်း တွေရှိပါတယ်၊ ပြန်လေ့လာလိုက်ပါဦး။ ဒီလိုမျိုး အစိုးရကလိုက်လျောပြီး ခင်ဗျားတို့အားလုံးအတွက် နိုင်ငံရေးမျက်နှာစာ အသစ်ဖွင့်ပေးဖို့စီစဉ်နေချိန်မှာ ခင်ဗျားတို့လောဘတွေကြီး အမိုက်မှောင်တွေဖုံးပြီး စိတ်ရှည်သည်းခံမှုမရှိခဲ့ကြလို့ အခုလိုသံသရာတွေရှည်နေတာပါလို့ ကျွန်တော်ပြောရင် မလွန်ပါဘူးနော်။

ရှင်းပြပါ့မယ်၊ အဲဒီတုန်းက နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ် သန့်သန့်လေးဖြစ်ခဲ့သင့်တာပါ၊

“ဒီမိုကရေစီဆိုတာ တောင်းယူလို့မရရင် တိုက်ယူမှရမယ်”

ဆိုတဲ့စကားမျိုးတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုဆိုတာထက်
တော်လှန်ရေးအသွင်ဆောင်သွားခဲ့ရပါတယ်။
ပေါ်ပေါက်လာခဲ့သင့်တာက မျိုးချစ်စိတ်ဓါတ်ပြည့်ဝတဲ့ နိုင်ငံရေးသမားတွေပါ၊
စေတနာလွဲခဲ့လို့ ကျွန်တော်တို့ရလိုက်တာဟာ
တော်လှန်ရေးသမားတွေပဲ ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးတွေအလုပ်ကောင်းကြ အတိုက်အခိုက်တွေကောင်းကြ
နောက်ပြီး အုပ်စုဖွဲ့အနိုင်ကျင့် လူသတ်ခေါင်းဖြတ် အစိုးရပိုင်စက်ရုံအလုပ်ရုံတွေကစလို့ နောက်ဆုံးမူလတန်းကျောင်းပါမကျန်
ဖေါက်ထွင်းယူကြ၊ စည်းကမ်းတွေပျက်လွန်းကြတော့၊ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေမှာ စစ်တပ် ဝင်လာတာ မဆန်းကျယ်ပါဘူး၊

ဒီစစ်တပ်ကိုဘယ်သူမှ တင်ပေးလိုက်တာမဟုတ်ပါဘူး၊
ခင်ဗျားတို့ revolutionist တွေ ကိုယ်တိုင်ပါပဲ။

(၁၉၈၈) တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမရှိလျှင်
တိုင်းပြည်ကိုတာဝန်ယူမယ့် backup government အနေနဲ့ စစ်တပ်ရှိပါတယ်၊ ဒါကြောင့်လည်း ညှိနှိုင်းမရတဲ့ခင်ဗျားတို့ကိုထားခဲ့ပြီး သူတို့အေးအေးဆေးဆေးအနားယူသွားတာပေါ့ဗျာ၊

(၈၈) အရေးအခင်းကို တစ်ကယ့်အောင်ပွဲကြီး တစ်ရပ်လိုပြောနေကြမယ်ဆိုရင် ခင်ဗျားတို့တစ်တွေ ဒီအချိန်မှာဒီလိုတွေတောင် တစ်စာစာအော်မနေရတော့ပါဘူး၊

ဟုတ်တယ်နော်။ ဒီတော့ဘယ်သူတွေ အောင်မြင်လို့
ဘယ်သူတွေကျရှုံးသွားလည်း အဖြေပြန်ထုတ်ကြည့်လို့ရနေပါပြီ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...