Wednesday, August 14, 2013

စစ်ကိုင်းတိုင်း၏ ဂုဏ်သိက္ခာကို ၀င်ရောက်နှောက်ယှက်ဖျက်ဆီးသူများ











စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့တွင် ယနေ့နေ့လည် ၂နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းအုပ်စု၊ ဂမူးကျေးရွာနေ၊ ဒေါ်နော်အုံးလှဦးဆောင်၍ ၂၀၀၈ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေဖျတ်သိမ်းရေး အတွက်
လူအင်အား (၈၀)ခန့်ဖြင့် မုံရွာမြို့ဇတ်ဆိပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း
ကြေးရုပ်ဘက်သို့ချီတက်စဉ်
ဒေသန္တရ ကျန်းမာရေးဆေးခန်းရှေ့၌ ပြည်သူ့ရဲတပ်ဖွဲ့မှ တားဆီးပြီး
ဒေါ်နော်အုံးလှပါ (၁၀)ဦးအား မုံရွာအမှတ်(၁)ရဲစခန်းသို့ခေါ် ဆောင်သွားခဲ့ကြောင်းသိရှိရပါသည်။

ထိုအချိန်တွင်ဗိုလ်ချုပ်လမ်းပေါ်၌အသုဘယာဉ်တန်းနှစ်ခုဖြတ်သန်းခဲ့ရာ လမ်းပေါ်တွင်ရုတ်ရုတ်သဲသဲပြုလုပ်နေသောနော်အုံးလှပါအဖွဲ့နှင့်
ဝိုင်းဝန်းကြည့်ရှုသူများကြောင့် အသုဘယာဉ်တန်းမှာ အေးချမ်းစွာဖြတ်သန်းနိုင်မှုမရှိဘဲ
လမ်းကြောင်းပိတ်ဆို့နေ၍ ပြည်သူ့ရဲများ၏ကူညီမှုဖြင့်
မရဏခရီး ဖြောင့်ဖြူး ခဲ့ရကြောင်း အသုဘပို့ဆောင်သူတစ်ဦးမှပြောကြားသွားခဲ့ပါသည်။

ထို့ပြင်လမ်းဘေး၌ ရပ်ကြည့်နေသူတစ်ဦးမှ စစ်ကိုင်းတိုင်းရဲ့ ဖွဲ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုတားမြစ်ဟန့်တားနှောက်ယှက်တဲ့အပြင် အသုဘခရီးကိုပင်မရှောင်ဘဲ နှောက် ယှက်သူတွေဘဲဟု
ထပ်ဆင့်ဝေဖန် ပြောဆိုသံ ကိုလည်း ကြားသိခဲ့ရပါသည်။

နိုင်ငံရေးဘမ်းပြပြီး အမြတ်ထုတ်နေသူ
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့တွင် အစိုးရဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ပြီးနိုင်ငံရေးလုပ်စားနေသူ အန်အယ်လ်ဒီပါတီမှထုတ်ပယ်ထားသော ကွေ့ကြီးရပ်ကွက်နေ
ကိုရာဇာ (ခေါ်)ထွန်းလင်းဦးသည် ၄င်းအနေဖြင့်ယခင်တွန်းလှည်းဖြင့်
ထီရောင်းသည်ထက် ဆန္ဒတစ်ခါပြလျင် ဆိုင်ကယ်တစ်စီးရသည်ဟု
ကြွေးကြော် နေကြောင်းနှင့် ၄င်းသည် ကချင်ပြည်နယ်လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးခြေလျင်ခရီးလမ်းလျှောက်ရာတွင် လိုက်ပါခဲ့ဘူးပြီး
အဆိုပါခရီးစဉ်မှအပြန် မိုဘိုင်းဖုန်းတစ်လုံး ရရှိခဲ့ကြောင်းနှင့်
အဆိုပါမိုဘိုင်းဖုန်းကို အရက်မူးပြီးကျပျောက်ခဲ့စဉ်က ၄င်းမှ နောက်တစ်ခါလိုက်ဇာကို ခြေလျင်လျှောက် ရမလိုဖြစ်နေပြီဟု ပြောဆိုနေကြောင်းကြားသိရပါသည်။

အော် ဒီလို လူမျိုးတွေနိုင်ငံရေးလုပ်စားတာ ဒီလိုအခွင့် အရေးမျိုးတွေလိုချင်လို့ပါလား။ အနာဂါတ်နိုင်ငံရေးလောကဒီလိုလူတွေနဲ့ မတွေးဝံ့စရာဘဲ၊ ဒီလိုနိုင်ငံရေး လုပ်စားသူတွေကြောင့် ကျုပ်တို့သိက္ခာကျတယ်ဟု အန်အယ်ဒီပါတီဝင်များမှ မကျေမနပ်ပြောဆိုနေကြောင်း ကြားသိရပါသည်။

Photo - The Voice


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...