Saturday, August 10, 2013

မွတ်ဆလင် အကြမ်းဖက်သမားများ ၀င်ရောက်ဗုံးဖောက်မည် ဟူသောသတင်းများ ထွက်ပေါ်နေသဖြင့် မောင်တော ခရိုင်အတွင်း အရေးပေါ်ကာလ သတ်မှတ်



အကြမ်းဖက်သမားများ ၀င်ရောက် ဗုံးဖောက်ကွဲရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တော ခရိုင်အတွင်း အရေးပေါ်ကာလ သတ်မှတ်ကာ လုံခြုံရေး အထူးဂရုပြုကြရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးများကို လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန် သက်ဆိုင်ရာမှ ညွှန်ကြားထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လုံခြုံရေး အရာရှိ ဒုဗိုလ်ချုပ်ကြီး မဟာမတ်မူမန် ပြောကြားချက်အရ ကမ္ဘာ့မူဆလင်နိုင်ငံ ၂၁ နိုင်ငံနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်လည်း အကြမ်းဖက် စာရင်းတွင် ပါဝင်ကြောင်း၊ တနင်္ဂနွေနေ့တွင် အဆိုပါ မူဆလင်နိုင်ငံ ၂၁ နိုင်ငံတွင် အမေရိကန်သံရုံးများ ပိတ်ထားမည် ဖြစ်ကြောင်း၊ အကြမ်းဖက် အုပ်စုများဖြစ်သော တာလီဘန်နှင့် လာချကာတော်ယူဘာ အဖွဲ့ဝင်များမှ သြဂုတ်လအတွင်း အသေခံ ဗုံးဖောက်ကွဲရေး လုပ်ဆောင်ရန်ရှိကြောင်း အမေရိကန် သံရုံးမှ လျို့ဝှက်သတင်း ရရှိထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်နေပြီး အာဖဂန်နစ္စတန်မှ သင်တန်းပေးရန် ဖောက်ခွဲရေးသမားများ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရာပေါင်းများစွာ ၀င်ရောက်နေကြောင်း လုံခြုံရေး အရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။ ယခုအချိန်သည် အထူးအရေးပေါ် ကာလ ဖြစ်နေပါသဖြင့် လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရေး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား အသိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

''အရေးပေါ် ကာလရယ်လို့ သတ်မှတ်ထားတာ မရှိပေမယ့် ဘူးသီးတောင်၊ မောင်တောမှာ အချိန်မရွေး ဖြစ်လာနိုင်တယ် ဆိုပြီးတော့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် တောက်လျှောက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လုံခြုံရေး အင်အားကတော့ ဘူးသီးတောင်၊ မောင်တောမှာ လုံလောက်တဲ့ အင်အား ရှိပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့ အင်အားနဲ့ ရဲတပ်ရင်းအင်အားတွေ ချိတ်ဆက်ပူးပေါင်းပြီး ထိန်းထားပါတယ်။ အသင့်အနေအထား လုပ်ထားပါတယ်။ လုံခြုံရေးကို နေ့ညမပြတ် သတိထား ဆောင်ရွက်နေပါတယ်။ အရင်က လုံခြုံရေး ယူထားတဲ့ ဟာတွေမှာ ရဲတပ်ရင်းက တာဝန်ယူ ထားပါတယ်။ မြို့ပေါ်နေရာ အတော်များများမှာ ရဲကင်းတွေ ချထားပါတယ်'' ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရွှေသန်းက ဆိုသည်။

မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄၊ ညမထွက်ရ အမိန့်အား သြဂုတ် ၈ ရက်က ထပ်မံကြေညာခဲ့ပြီး လက်ရှိတွင် လုံခြုံရေး ရဲတပ်ဖွဲ့များ အနေဖြင့် နေ့ညမပြတ် ကင်းလှည့်ကာ လုံခြုံရေး ဂရုပြုဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
- Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...