Saturday, August 10, 2013

အုန်းတောကြီးသတင်း အပြည့်အစုံအားတင်ပြခြင်း



အုန်းတောကြီးနယ်မြေရဲကင်း စခန်းအား ဘင်္ဂလီလူမျိုးများ မီးရှို့ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ
သေနတ်ပစ်ဖောက် လူစုဖြို့ခွင်းရာတွင် ဒဏ်ရာရရှိသူများရှိ၊သေဆုံးသူ မရှိ

အုန်းတောကြီးကျေးရွာအနီးရှိ နယ်မြေရဲကင်းအား သြဂုတ်လ(၉)ရက်နေ့၊နံနက်(၁၀း၄၀)အချိန်တွင် ဘင်္ဂလီလူမျိုးများက ၀ိုင်းဝန်းမီးရှို့ခဲ့သည်။

သို့အတွက်လုံခြုံရေးရဲတပ်ဖွဲ့မှလူစုခွဲရန်ရာဗာကျည်ဖြင့်ပစ်ခတ်ရာ လေးဦးဒဏ်ရာရရှိခဲ့သည်။ သို့သော်သေဆုံးသူ တစ်ယောက်မှမရှိခဲ့ဘဲ မနေ့ကထိ ၈ ဦးဖမ်းဆီးထားသည်။

ဖြစ်စဉ်မှာ ပင်လယ်နားတွင်အလောင်းတစ်လောင်းအား နံနက် ၈ နာရီခန့်တွင် တွေ့ရှိခဲ့ပြီး အလောင်းအား စစ်ဆေးမှုများပြုလုပ်ရန် ရဲတပ်ဖွဲ့ကယူဆောင်လာစဉ် ဘင်္ဂါလီလူအင်အား ၅၀၀ ခန့်က အုန်းတောကြီး ချောင်းဝ ရဲကင်းအား ၀ိုင်းဝန်းမီးရှို့မှုဖြစ်ပွားခဲ့ သဖြင့် ရဲကင်းအဆာင် ၄ လုံးမီးလောင်ကျွမ်းခဲ့သည်။

ထိုမှတဆင့်လူစုလူဝေးအများဖြစ်ပေါ်လာပြီးဘင်္ဂလီအမျိုးသားများအပါအ၀င် လူဦးရေတစ်ထောင် ခန့်ဖြစ် ပေါ်လာပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဘင်္ဂါလီတစ်ဦးက တုတ်ဖြင့် ၀င်ရောက်သည်အထိဖြစ်လာခဲ့သည်။

သို့အတွက် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်မိုးပေါ်ထောင်ပစ်ခဲ့သော်လည်း လူစုကွဲခြင်းမရှိဘဲ လူပိုများလာခဲ့သည်။ ယင်းအတွက် ဘင်္ဂါလီ (၄)ဦးတွင် ဒူးအောက်ပိုင်းတွင် မပြောပြလောက်သည့် ဒဏ်ရာရရှိခဲ့သည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာဘင်္ဂါလီ များမှာ ဆူပူသူများမှာဆေးသမား ကျေးရွာဘက်သို့ဝင်ပြေးသွားသည်။

ယင်းအပြင်အုန်းတောကြီးကယ်ဆယ်ရေးစခန်း နှင့် ဗောဒူဖ ကယ်ဆယ်ရေးစခန်း ကြားရှိ လမ်းများကို တူးမြောင်းများ တူးဖော် ဖျက်ဆီးထားပြီး သစ်ပင်များဖြင့်လမ်းများကို ပိတ်ဆိုထားသဖြင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ၏ ယဉ်များ သွားလာမရဖြစ်ခဲ့သည်။

ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား လာမည် ဖြစ်သဖြင့် အစိုးရအဖွဲ့၏ ပုံရိပ်အား ဆိုးရွားအောင် တစ်မင်လုပ်ဆောင်ခြင်းဖြစ်ပြီး မူဆလင်ကုလားဝတ်ဆိုက်များတွင် ရဲစခန်းမီးရှို့သည့် သတင်းကို ဖုန်းကွယ်ထားသည်။

Posted From RSV

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...