ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်ချင်းကြောင်း ပွင့်ပွင့်လင်းလင်း နဲ့ ရိုးရိုးသားသားပြောပါတယ် ။ သမ္မတဖြစ်ချင်ရတဲ့ အကြောင်းကိုလည်း
သူက ပြောပြပါတယ်။ ယုတ္တိလည်းရှိပါတယ် ။ ဒေါ်စု ဟာ သမ္မတ ရာထူးနဲ့
ထိုက်သင့် ရဲ့လားလို့ မေးလာခဲ့သော် ထိုက်သင့် ပါတယ်လို့ပဲ
အရိုးသားဆုံးဖြေရ မှာပါ ။
မင်း ဒေါ်စု သမ္မတဖြစ်မှာ ကို သဘောကျသလား လို့ မေးခဲ့ရင်လည်း ...
ဟုတ်ကဲ့ သဘောကျတာပေါ့ ။ ကောင်းတာပေါ့ဗျာ ။
ဒီမိုကရေ စီ အိုက်ကွန် က အစိုးရ ဖြစ်တော့ ..
ဒီမိုကရေစီ ဝန်ထမ်းတွေလည်း ..
ဒီမိုကရေစီ အခွင့်ရေးတောင်းရတာ အားနားစရာမလိုတော့ဘူးပေါ့ ။
ဒါက ကျွန်တော့ emotional သက်သက်ပါ ။
facts တွေ အရ စဉ်းစားရင်တော့ ရင်လေး တယ်လို့ပဲ ပြောရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
၂၀၀၈ ရဲ့ အခန်း (၃) ပုဒ်မ ၅၉ ကို ပြင်ရပါလိမ့်မယ်။ အဲဒီ ပုဒ်မ မှ
ဒေါ်အောင်ဆန်း စုကြည် နဲ့ အဓိက ငြိနိုင်တာကတော့
၅၉ (စ) ဖြစ်မယ်ထင်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အားလုံး က ပြင်လိုက်ကြပြီဆိုပါတော့ ...
"မိမိကိုယ်တိုင်သော်၎င်း၊မိမိ၏မိဘတစ်ပါးပါးသော်၎င်း၊မိမိ၏ဇနီး(သို့)ခင်ပွန်းသော်၎င်း၊
မိမိ၏တရားဝင်သားသမီးတစ်ဦးဦးသော်၎င်း... ဒေါ်အောင်ဆန်းစုကြည်မဟုတ်သော သူတစ်ယောက် ယောက် သမ္မတဖြစ်လာခဲ့သည်ရှိသော်လက်ခံ နိုင်ပါမည်လား ။ "
" နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ ၊ နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ ၊ တိုင်းတပါး နိုင်ငံ များ၏ အခွင့်ရေးခံစားခွင့်ရှိသူများ ထဲမှ ဒေါ်အောင်ဆန်းစုကြည် မဟုတ်သော တစ်ယောက်ယောက် က များ အများဆန္ဒအရ မဲနိုင်ပြီး မြန်မာသမ္မတဖြစ်လာခဲ့သော် လက်ခံနိုင်ပါမည်လား"
" ဘေးပတ်လည်း အိမ်နီးချင်း နိုင်ငံကြီးများ ၊ ၄င်းတို့ နှင့် အင်အားပြိုင် နိုင်ငံကြီးများမှ ... ၄င်းတို့ အမျိုးသားအကျိုးစီးပွား အလို့ ငှာ ...
အဲသလို ပုဂ္ဂိုလ် မျိုး မမွေး ပါဟု အာမခံနိုင်ပါမည်လား"
မပြေးသော်လည်း ကံရာရှိ မို့ ကျွန်တော်တို့ နိုင်ငံသား တွေ ဒီမေးခွန်းတွေကိုတော့ ကိုယ့်ကိုယ်ကို ကြိုမေးထားဖို့လိုမယ်ထင်ပါတယ် ။
ဥပဒေ ဆိုတာ ... နိုဗယ်ဆုရ ပုဂ္ဂိုလ်မို့ ၊ လူထုခေါင်းဆောင်မို့ ၊
အောင်ဆန်း မျိုးဆက်မို့ ဆိုပြီး ကွက်ပြီး မိုးရွာလို့ မရပါဘူး ။
ခုစာလေးကြော် ခုဆီထမင်းလုပ်လို့ လည်း မရပါဘူး ။
ဥပဒေ အောက်မှာ နိုင်ငံသားဆိုတဲ့ ဝေါဟာရ ကလွဲလို့ ကျန်တဲ့
နာမဝိသေသန မရှိ ရဘူးမလား ။
ဟ... လုပ်တဲ့ ကောင်တွေလည်း လုပ်နေကြတာပဲ ...
မင်းမမြင်ဘူးလား ဆိုပြီးပြောလို က ပြောနိုင်ပါတယ် ။
၈ ပြည်နဲ့ တခွဲ အခေါ်သာ လွဲတာ အတူတူပါပဲဆိုရင်တော့
ဆက်ပြောရန်မရှိပါဘူး ။ ဒါကတစ်ပိုင်း ပေါ့ ။
နောက် ဒေါ်အောင်ဆန်းစုကြည် က ဟောပြောပွဲ က အစ ၊ ကမ္ဘာ့ စီးပွားရေးဖိုရမ် အဆုံး နေရာအားလုံးမှာ သမ္မတ ဖြစ်ချင်ကြောင်းပြောပါတယ် ။
သမ္မတဖြစ်ချင်တာ ဟုတ်ပါပြီ ။ ဖြစ်နိုင်ဖို့ နည်းလမ်းတွေ ကို ရော ချဉ်းကပ်နေပြီလား ။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေရှိနေပါတယ် ။
အရပ်သား ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရှိနေပါတယ် ။
အတော်များများ စဉ်းစားသလို ပထမ ၂၅ ရာခိုင်နှုန်း ကို ဖယ်ပြီးစဉ်းစားကြည့်ရအောင် ...
အရပ်သား ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအတွက်
ဒေါ်အောင်ဆန်းစု ကြည် နဲ့ သူမဦးဆောင်သော NLD ဘာတွေ
စည်းရုံး လုပ်ဆောင် နေပါသလဲ ၊ ဘယ်လိုတွေစည်းရုံး လုပ်ဆောင်နေသပါသလဲ ။
ကျွန်တော့် အမြင် ကျွန်တော် အကြားအရတော့ ရိုးရိုးသား သား ပြောပါရစေ .. သူတို့ဘာသာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစား ကြတာကလွဲလို့
ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ဆွဲဆောင်စည်းရုံး မှု NO ပါ ။
ဒီကြားထဲမှာ ရခိုင် ကိစ္စ ၊ ကချင်ကိစ္စ လိုဒေါ်အောင်ဆန်းစုကြည် ကို
အားမရ ကြတဲ့ အင်အားစုတွေကလည်းရှိနေပါသေးတယ် ။
ဒေါ်အောင်ဆန်းစုကြည်ပေါ် အထင်မြင် စောင်းနေကြတာတွေလည်းရှိနေပါသေးတယ် ။
အဲဒီအတွက် သူတို့ ကျေနပ်လောက်တဲ့ ဖြေရှင်း မှု ရှိသလား ဆိုရင်
ကျွန်တော့် အမြင်ရတော့ No ပါ ။
အဲဒါဆို အရပ်သား ၇၅ ရာခိုင်နှုန်းက ကိုယ့်အတွက်အပြည့်ဝ မသေချာတော့ဘူး ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်စဉ်းစားကြည့်ရအောင် ။
တပ်မတော် နဲ့ အတိုက်ခံ နိုင်ငံရေးအင်အားစုတွေ အချိန်တော်တော်ကြာကြာ ဝေးကွာနေခဲ့ကြတယ် ။ ထိတွေ့ မှု မရှိတော့ တစ်ယောက်အကြောင်း ၊ တစ်ယောက် သိပ်မသိကြဘူး ။
အဲဒီအတွက် အတိတ်က သင်ခန်းစာတွေအရ
ဟိုဘက်ဒီ ဘက်သံသတွေ နဲ့ သာ ဆက်ဆံနေခဲ့ကြတယ် ။
အဲဒီ အေးစက်မှု တွေ ချေဖျက် နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က
ဘာတွေ ကြိုးစားပြီးပြီလဲ ။ အင်္ဂလန် စစ်ဦးစီး ချုပ် နဲ့ ရင်းနှီး သလိုမျိုး မြန်မာ့တပ်မတော်ခေါင်းဆောင်တွေ နဲ့ ရင်းနှီးဖို့ကြိုးစားပြီးပြီလား ။
လွှတ်တော်တွင်း တပ်မတော်သားများ ၊
အပြင်က တပ်မတော်သား နဲ့ မိသားစုဝင်တွေ ရင်ထဲမှာ " ဒေါ်အောင်ဆန်း စုကြည်က မဆိုးရှာဘူး" လို့ အသိမှတ်လေးပြုသွားအောင် တစ်ခုခု ကြိုးစားကြည့် ပြီးပြီလား ။
ဒေါ်အောင်ဆန်း စု ကြည်က ခေါင်း ဆောင်တစ်ယောက်မို့ လယ်ဗယ်ချင်း မတူလို့ မလုပ်ချင်ဘူးထား ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့ စည်း က တပ်မတော်သားတွေ နဲ့ နားလည်မှုရအောင် ကြိုးစားဖူး ကြပြီလား ။
ဒေါ်အောင်ဆန်း စုကြည် ရိုးရိုးသားသား ပြောသလို ကျွန်တော်လည်း
ရိုးရိုး သား သား ဖြေပါရစေ ။ NO ပါ ။ နားလည်မှု မရှိရင် ၊
ယုံကြည်ကိုးစားမှု ဆိုတာ ဖြစ်မလာနိုင်ပါဘူး ။
လွှတ်တော်တွင်း က အင်အားစုတွေ မှာ ကိုယ့် အတွက် ခိုင်ခိုင် မာမာ မရှိလို့
သမ္မတ အမိန့် နဲ့ ပြင်လို့ ရနိုင်မလားဆိုတော့လည်း ။
သမ္မတမှာ အဲဒီ အခွင့် အာဏာ မရှိပါဘူး ။
ဒါ ဟာ ကျွန်တော် မြင်မိသလောက် facts တွေပါ ။
ကျွန်တော့် လယ်ဗယ် နဲ့ လက်လှမ်းမမှီ နိုင်သော နည်းလမ်းများလည်း ရှိကောင်းရှိနေနိုင်ပါသေးတယ် ။
လူ့သဘောသဘာဝအရ ... ဝက်သားဟင်းနေ့တိုင်း စားပြီး ၊ တိုက် ၊
ကားနဲ့ အမြဲနေရရင်တောင် ငြီးငွေ့ တတ်သေးတယ်မလား ။
မြန်မာပြည်သူတွေ ဖျက်သန်းခဲ့ တဲ့ အတိတ်က နပ်ကျော် စားပြီး ဖိနပ်ပါး စီးခဲ့ရတာ ..
အပြောင်းလဲ ကို သေချာပေါက် မျှော်လင့်ကြတာပေါ့ ။
၂၀၁၅ မှာ NLD က နိုင်ရန်ရာ နှုန်း ၆၀ လောက်ရှိမယ်ထင်ပါတယ် ။
NLD နိုင် တဲ့ အခါ ပါတီခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က
သမ္မတ ဖြစ်လာရမှာပါ ။ အဲဒီကာလထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ကိုမပြင်နိုင်သေးခဲ့ သော် ... ဥပဒေ နဲ့ ဒီမိုကရေစီ ထိပ်တိုက်တွေ့ ပြီး
ပစ္စည်း မဲ့ ဒေါသတွေ ... ခေါင်းစဉ် ရသွား မှာတော့ ဖြင့်
ရိုးရိုးသားသား ရင်လေးမိပါကြောင်း ...
- FB ပေါ်ရှိ ညီငယ်တစ်ယောက် wall မှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment