ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့ ရှူရှိုက်တာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့ ရှူရှိုက်တာကြောင့် ဗိုက်ထဲက သန္ဓေသားအပေါ် ပြင်းထန်ဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာကြောင့် သင့်ကျန်းမာရေးကို
ထိခိုက်စေရုံ သာမက ဗိုက်ထဲက သန္ဓေသားရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စီးကရက်မှာ နီကိုတင်း၊ ကာဗွန်မိုနော့ဆိုက်ဒ်နဲ့ ဆေးချေးတို့လို
အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။
ဒါကြောင့် ဆေးလိပ်သောက်တာဟာ ကိုယ်ဝန်ဆောင်ချိန် နောက်ဆက်တွဲ ပြဿနာ အမျိုးမျိုး ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး မိခင်နဲ့ ကလေးကို
အသက်အန္တရာယ်တောင် ပေးနိုင်ပါတယ်။
ကိုယ်ဝန်ရရှိရန် ကြိုးစားနေလျှင်ကိုယ်ဝန်ရရှိရန် ကြိုးစားနေချိန်မှာ ဆေးလိပ်ဖြတ်တာက ပထမဆုံး လုပ်သင့်တဲ့ အဆင့်ပါ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်တာကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မျိုးအောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ကိုယ်ဝန် ပျက်ကျနိုင်ခြေလည်း များတဲ့အပြင် ကိုယ်ဝန်ဆောင် ကာလ ပထမ သုံးလပတ်အတွင်း ဆေးလိပ်သောက်တာကြောင့် ဗိုက်ထဲက သန္ဓေသားကို ထိခိုက်စေပါတယ်။ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း လေ့လာမှုတွေအရ ဆေးလိပ်ထဲက နီကိုတင်းဓာတ်ဟာ သားဥပြွန်မှာ သန္ဓေတည်နိုင်ခြေ များတတ်ကြောင်း သိရပါတယ်။
ဒီအခြေအနေမှာ အရေးပေါ် ခွဲစိတ်မှု မလုပ်ရင် မိခင် အသက်အန္တရာယ်
ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးလိပ်သောက်တာကြောင့် အမျိုးသမီးတွေမှာ
သားအိမ်ပြင်ပ သန္ဓေတည်နိုင်ခြေ ငါးဆနဲ့ အထက် မြင့်မားပါတယ်။
အချင်းပြဿနာများ
ဆေးလိပ် သောက်တာဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားက လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်တို့ ရရှိစေတဲ့ အချင်းမှာ
ပြဿနာ ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အချင်း ပြဿနာကြောင့်
သွေးအလွန်အမင်း ထွက်ရှိမှု ဖြစ်ကာ မိခင်နဲ့ ကလေးမှာ
အသက်အန္တရာယ် ရှိတတ်ပါတယ်။
လမစေ့ ကလေးမွေးခြင်း
ဆေးလိပ်သောက်တာနဲ့ လမစေ့ ကလေးမွေးမှုအကြား ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ လမစေ့ ကလေးမွေးတာနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာ အများအပြား ရှိပါတယ်။ အဲဒါတွေကတော့ အမြင်ပြဿနာနဲ့ အကြားပြဿနာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လေ့လာမှုဆိုင်ရာ ပြဿနာနဲ့အသက်အန္တရာယ်ထိခိုက်မှုတို့ ဖြစ်စေနိုင်ပါတယ်။
မွေးရာပါ ထိခိုက်မှု
ရောဂါကာကွယ် ထိန်းချုပ်ရေး စင်တာရဲ့ လတ်တလော လေ့လာမှုအရ ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်မှာ ဆေးလိပ်သောက်တာကြောင့် နှလုံးနဲ့ဆက်စပ်တဲ့ မွေးရာပါ ခိျု့ယွင်းမှု ဖြစ်နိုင်ခြေ ၂၀မှ ၇၀ ရာခိုင်နှုန်း မြင့်မားကြောင်း သိရပါတယ်။ မွေးရာပါ နှလုံးထိခိုက်မှုဟာ အဖြစ်များဆုံး ပြဿနာဖြစ်ပြီး နှုတ်ခမ်းကွဲတာ၊ အာခေါင်ကွဲတာ တို့လည်း ဖြစ်နိုင်ခြေ များပါတယ်။
ပေါင်မပြည့်ကလေး မွေးဖွားခြင်း
ဆေးလိပ်သောက်တဲ့သူဟာ ငါးပေါင် ငါးအောင်စထက် လျော့နည်းတဲ့ ကလေးမွေးနိုင်ခြေ နှစ်ဆ ပိုများပါတယ်။ ပေါင်မပြည့် ကလေးမွေးတယ် ဆိုတာ သေးငယ်လွန်းတဲ့ ကလေးမွေးဖွားတာကို ဆိုလိုတာ ဖြစ်ပြီး တခြား ကျန်းမာရေး ပြဿနာတွေနဲ့ မစွမ်းဆောင်နိုင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ အကြားအာရုံ ထိခိုက်မှုနဲ့ အမြင်အာရုံ ထိခိုက်မှုတို့အပြင် မွေးကင်းစ ကလေးငယ် သေဆုံးမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
မယုံနိုင်သော အမှန်တရား
ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၃ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခဲ့ကြတယ်လို့
CDC လေ့လာမှုအရ သိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တဲ့ အမျိုးသမီး လေးဦးအနက် တစ်ဦးဟာ ဆေးလိပ်သောက်နေပေမယ့် ၀န်မခံဘူးဟု လေ့လာမှု တစ်ခုကလည်း ဆိုထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တာကြောင့် ဖြစ်တတ်တဲ့
နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။
-ပြည်မြန်မာ
Re-Posted
http://goldenlandnew.blogspot.com/
0 comments:
Post a Comment