Friday, August 9, 2013

၂၀၀၈ အခြေခံ ဥပဒေ အသံစာအုပ်


၂၀၀၈ အခြေခံ ဥပဒေ အသံစာအုပ်
-----------------------------------
မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ အခြေခံဥပဒေကို ပြင်မယ်
တကဲကဲ လုပ်နေကြတာတွေ ကြားမြင်သိနေရပါတယ်။
ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ အခြေခံဥပဒေဆိုတာမရှိသလို
ပြင်ဖို့ မလိုတဲ့ အခြေခံ ဥပဒေဆိုတာလည်း မရှိပါဘူး။
ခေတ်တွေပြောင်းလာတာနဲ့အမျှ ဒီလိုပဲ ပြင်ဆင်ကျင့်သုံးနေကြတာ သဘာဝပါ။ အခြေခံဥပဒေထဲမှာတောင် ပြင်ချင်ရင် ဘယ်လို ပြင်ပါဆိုတဲ့
နည်းလမ်းတွေ ရေးသားထားတာ တစ်ခန်းသပ်သပ် ပါပါတယ်။

ပြောချင်တာက သူများယောင်လို့ လိုက်ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ ဆိုတာလို မဖြစ်ရအောင် အခြေခံဥပဒေလေးကိုတော့
သေချာ ဖတ်ကြည့်ကြပါအုံးလို့ တိုက်တွန်းချင်ပါတယ်။
ဖတ်ရမှာ ပျင်းရင်တောင် အသံလေးဖွင့်ပြီး နားထောင်လို့ရအောင်
အသံသွင်းထားတဲ့ ဖိုင်ကို မျှဝေ ပေးလိုက်ပါတယ်။

http://mymosaicpages.blogspot.com/2013/05/blog-post.html မှာ
သွားရောက် ဒေါင်းလုတ်ချနိုင်ပါပြီ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ...။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...