မကြာမီရက်ပိုင်းအတွင်းမှာ ရှစ်လေးလုံး လူထုအုံကြွမှုအရေးတော်ပုံမှ ပေါ်ပေါက်လာခဲ့သည့် အထွေအထွေသပိတ်ဆင်နွှဲခဲ့ခြင်း ၂၅ နှစ်မြောက်နေ့ကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံရဲ့ ငွေရတု
အခမ်းအနားအဖြစ်ကျင်းပဖို့ ၈၈ အုပ်စုက စီမံနေတာကို အားလုံးအသိပင်။
ဒီအခမ်းအနားကို အမြင်အမျိုးမျိုးနဲ့ ဝေဖန်နေကြတာကိုလဲ ကြားသိနေရပြီး ဖြစ်နေသည်။
ကျွန်ုပ်အနေနဲ့ ၈၈၈၈ အရေးတော်ပုံမှာ ၁၀တန်း ကျောင်းသားဘဝဖြင့် ပါဝင်ပါတ်သက်ခဲ့ပုံကို အလေးထားတင်ပြမည်မဟုတ်ဘဲ အသွင်းကူးပြောင်းရေးလမ်းကြောင်းပေါ်ရောက်နေတဲ့ မြန်မာနိုင်ငံရေးအခြေအနေတွေကိုသာ ဦးစားပေးပြီး
ဆွေးနွေးသွားမှာဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ် ရှစ်လေးလုံးနေ့မှာတော့ ၈၈၈၈ အရေးအခင်းဖြစ်ချိန်မှာ ကျွန်ုပ်ပါဝင်ပါတ်သက်ခဲ့သည်များကိုရေးသားခဲ့ပြီးဖြစ်ပါတယ်။
၈၈၈၈ အရေးအခင်းကစတင်ပြီး ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ အသက်တွေ ဘဝတွေက ၂၃ နှစ်တိုင်ကြာမြင့်ပြီးပါမှဒီမိုကရေစီခရီးအတွက် စတင်စက်နှိုးလို့ရတဲ့ အင်္ဂျင်ကြီးတစ်ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပေးဆပ်ခဲ့ရမှုတွေနဲ့ ထိုက်တန်ပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာအဖြစ်
ယနေ့ကာလမှာ စဉ်းစားနေရင်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်း
အနားကို ကြီးကျယ်စွာပဲ ၃ရက်တိုင်ကျင်းပဖို့ ဆိုင်းပြင်နေကြတာလဲအားလုံးအသိ။
အချို့ကပြောတယ် ယနေ့ရောက်ရှိနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေသည် ရှစ်လေးလုံးရဲ့အသီးအပွင့်တဲ့ အငြင်းပွားမည်မဟုတ်သလို ထောက်ခံမှုလဲ မပြုလိုပါ၊
ဘာကြောင့်ဒီလိုဆိုရပါသလဲ
တစ်ပါတီအာဏာရှင် မဆလ လက်ထက်မှာ ငွေစက္ကူတွေကိုဖျက်သိမ်းခဲ့ရာကနေ စတင်ခဲ့တဲ့ လူထုမကြေနပ်မှု
ဟာ စက်မှုတက္ကသိုလ်ကျောင်းသား တွေနဲ့ အင်းစိန်ကြိုကုန်းရပ်ကွက် လူထုက လက်္ဘရည်ဆိုင်မှာ သီချင်ခွေ
ဖွင့်ခိုင်းတဲ့ကိစ္စ စကားများရန်ဖြစ်ရာကနေစတင်ခဲ့တဲ့ ရန်ပွဲကို လုံထိမ်းရဲတွေ ဖြေရှင်းရာမှာ သေနပ်နဲ့ပစ်ခဲ့မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေဆုံးသွားတော့ လူထုအနေနဲ့ အတော်
လေးကို မကြေနပ်ဖြစ်ခဲ့ကြပြီး ၈၈၈၈ ဖြစ်ပေါ်ဖို့ အရှိန်ရလာခဲ့ကြတယ်။
မဆလ အစိုးရကို ဖြုတ်ချဖို့ မထင်ရှားတဲ့ အုပ်စုတစ်ခုကလဲ ငွေစက္ကူကိစ္စ ကိုဖုန်းမော် ကိစ္စကို အခြေခံပြီး
လူထုပါဝင်လာနိုင်အောင် အချိန်ဇယာ ဆွဲကြတော့ ၈ရက် ၈လ ၁၉၈၈ နေ့ကို တနိုင်ငံလုံး အထွေထွေ
သပိတ်ဆင်နွှဲရန်အတွက် စီစဉ်နေခဲ့ကြပြီ ဆွဲထားတဲ့ အစီအစဉ်အတိုင်းပဲ ၈၈၈၈ နေ့မှာ စတင်ပြီး အထွေထွေသပိတ် ဆင်နွှဲနိုင်ခဲ့ပါတယ် ။
သို့ပေမယ့် သပိတ်ဆင်နွှဲဖို့ စီစဉ်သူတွေ ၊ မဆလ အစိုးရကိုဖြုတ်ချလိုသူတွေအနေနဲ့ တိုက်ပွဲ အဆုံးသတ်ကို
မစီစဉ်ခဲ့ကြပါဘူး ဒီအချက်က အရေးကြီးတဲ့ အချက်တစ်ခုပါ လူထုကို လမ်းပေါ်ရောက်အောင် ဆွဲခေါ်နိုင်ခဲ့ပေမယ့် တိုက်ပွဲရဲ့ အဆုံးသတ်ကို မဆောင်ရွက်နိုင်ခဲ့ပါဘူး
ရွှေတိဂုံဘုရားမှာ ဒေါ်စုက လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောပြီး ဗိုလ်ချုပ်အောင်ဆန်းသမီးတစ်ယောက်အနေနဲ့ လူထုကို စည်းရုံးခဲ့တာ အောင်မြင်မှုရခဲ့ပါတယ် လူထုကလဲ ဒေါ်စုကို ယုံကြည်စွာနဲ့ အားကိုခဲ့ပါတယ် လူထုတိုက်ပွဲရဲ့ အဆုံးသတ်ကို ဒေါ်စုက ဆောင်ရွက်နိုင်မယ်လို့လဲ ယုံကြည်အားကိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုကတော့ အရေးအခင်းကာလအတွင်းမှာ လူထုကို ပြောတာကတော့ “ကျုပ်သာလျှင်
တရားဝင် ဝန်ကြီးချုပ်” ပါတဲ့ ဦးနုရဲ့ ဒီစကားကို အဲဒီကာလက ဦးဆောင်နေကြတဲ့ နိုင်ငံရေးသမားတွေက ဂရု
မစိုက်ကြပါပဲ ဒီလူကြီးအသက်တွေကြီးပါမှ အာဏာရှုးနေပြန်ပြီလို့ တွေးတောခဲ့ကြပါတယ် အဲဒီကာလက ဦးနုအနေနဲ့ ဘာကိုရည်ရွယ်ပြီး ဒီစကားပြောခဲ့သလဲ ဆိုတာ အလွန်ကို နောက်ကျပြီးပါမှ သိလာကြပြီး အဲဒီကာလမှာ ငါတို့အနေနဲ့ ဦးနုပြောခဲ့တာကို ထောက်ခံခဲ့ကြရင် ဒီလိုအဖြစ်မျိုး တွေ ရင်ဆိုင်ရပါ့မလားလို့
သံဝေဂရတဲ့ လေသံတွေလဲ ကြားယောင်နေမိပြန်တယ်။
ရှစ်လေးလုံးကြောင့် ဒီနေ့ကာလ အပြောင်းအလဲတွေဖြစ်ခဲ့တယ်ဆိုပါလျှင် ရွှေဝါရောင်အရေးအခင်းကြောင့် အပြောင်း အလဲတွေဖြစ်ခဲ့ရတာပါလို့ ဆိုလာသူတွေလဲရှိနေနိုင်ပေသည် ကိုသတိထားမိပြန်တယ်။
နိုင်ငံတစ်ခုရဲ့ အာဏာရှင် အစိုးရ သို့မဟုတ်စစ်အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်ခြင်းဟာ တိုက်ပွဲရဲ့အဆုံးသတ် မဟုတ်ဆိုတာ ကမ္ဘာအခင်းအကျင်းတွေက သက်သေပြဆိုနေပေသည် သို့ပေမယ့် ၈၈၈၈ အရေးတော်ပုံသည် တစ်ပါတီအာဏာရှင် မဆလ အိစိုးရကို ဖြုတ်ချနိုင်ခဲ့သည်က ဧကံမုချဖြစ်ခဲ့သည်
ဒီမိုကရေစနစ်အပြောင်းအလဲအတွက် အခြေခံခဲ့သည်ဆိုလျှင်လဲ ငြင်းစရာမရှိ သိုပေမယ့် ဒီမိုကရေစီ အပြောင်း
အလဲအတွက် အဓိကကျသည့် နေရာမှာတော့ ရာနှုန်းပြည့်မရှိခဲ့ အဓိကကျသည့် နေရာကတော့ ကမ္ဘာ့အခင်အကျင်း တွေကြားမှာ လူးလွန့်နေခဲ့သည့် စစ်တပ်၏ အခန်းကဏ္ဍပင် ။
ဒီအချက်ကို သက်သေခံဖို့ ဆိုလျှင်
အများက လက်ခံနိုင်မှု နည်းပါးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပကာ ၂၀၁၀ ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်ကို ဦးစီးကျင်းပပေးခဲ့ပြီး တိုင်ပြည်အာဏာကို ညင်သာစွာနဲ့ လွှဲပြောင်းပေးခဲ့ခြင်းက သက်သေခံနေပါသည် ဒီလိုအာဏာလွှဲပြောင်းဖို့အတွက် သွေးထွက်သံယို မရှိခဲ့ ။
ဒီလိုယူဆမှုတွေအတွက် စောဒကတက်စရာပေါ်လာပါမည်
ဒီလိုအပြောင်းအလဲတွေအတွက် ပေးဆပ်မှုတွေ ရင်းနှီးမှုတွေ အမြောက်အများကို နှစ်ပေါင်း ၂၀ ကျော်ပေးဆပ်ခဲ့ရပါတယ်လို့ စောဒကတက်စရာ အကြောင်းပေါ်လာပါမည် ဒီလိုစောဒကတက်မည်
ဆိုပါက
၂၀၁၀ အပြောင်းအလဲမျိုးကို ၈၈တုံးက ဘာကြောင့်မပြောင်းလဲနိုင်ခဲ့ပါသနည်း၊
၂၀၁၀ အပြောင်းအလဲမျိုးကို ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ဘာကြောင့် မပြောင်းလဲနိုင်ခဲ့ပါသနည်း၊
၂၀၁၀ အပြောင်းအလဲမျိုးကို ရွှေဝါရောင် အရေးအခင်းက ဘာကြောင့်မပြောင်းလဲနိုင်ခဲ့ပါသနည်း
လို့ပြန်လည်မေးခွန်းထုတ်ရပါမည်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရဲ့ အဓိကကျတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ အင်အားစုတွေဟာ ကမ္ဘာ့အခင်းအကျင်းတွေအရ
စိတ်ဆန္ဒပြင်းပြတဲ့ လူထုရဲ့ ပြောင်းလဲလိုစိတ်၊ဒုတိယအနေနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ၊တတိယ
အနေနဲ့ အမြင်ကျယ်ပြောပြီး တိုးတက်သည့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ မှတဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်ုးစဉ်တွေကို ပုံဖေါ်ကြပါတယ်။
ဒီတော့ကာ ကျုပ်တို့ မြန်မာနိုင်ငံမှာ ပထမအုပ်စုလို ၈၈ လိုမျိုး လူထုအုံးကြွမှု ရှိခဲ့ ဖြစ်ခဲ့ ပါလျှက် မဆလ အစိုးရကိုသာ ဖြုတ်ချနိုင်ခဲ့ပြီး စစ်ဘက်အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာခဲ့သည်
ဒုတိယအုပ်စုလို NLD ပါတီရှိနေပါလျှက် အပြောင်းအလဲကို အစချီနိုင်ခဲ့ ပေမယ့် စစ်အစိုးရကို
အိမ်မက်ဆိုးတွေမက်ရုံသာ ခြောက်လှန့် နိုင်ခဲ့ ၊ စစ်အစိုးရဘက်မှလည်း နိုင်ငံရေးရန်သူအဖြစ်သတ်မှတ်ခဲ့ပြီး
ဖိနှိပ် ချူပ်ချယ်မှုအပြည့်ဖြင့် ဆယ်စုနှစ် တစ်ခုကျော် သူတို့ရဲ့ အာဏာခံကတုပ်ကို ကာကွယ်နိုင်ခဲ့သည်၊
ဒီလိုအခြေအနေမျိုးမှာ စစ်တပ်အနေနဲ့ NLD အပေါ်ထားသည့် နိုင်ငံရေး ရန်သူအဖြစ် သတ်မှတ်ခဲ့ခြင်းသည်
NLD ၏ ဒဲ့တိုးဆန်သည့် ပရိယယ်မပါ တိုက်ခိုက်ခဲ့ခြင်း၊ NLD ခေါင်းဆောင်ပိုင်းတွေအနေနဲ့ အပေးအယူ ကို
အခြေခံသည့် စေ့စပ်ညှိုနှိုင်းမှု ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှု ခေါင်းပါးခဲ့ခြင်း၊ ရာနှုံးပြည့်ရမှ ဆိုသည့် WIN
ပေါ်လစီကို တံခွန်ထူထားခြင်း တွေရှိခဲ့ပြီး စစ်တပ်ဘက်မှလဲ ဆိုင်းမဆင့် ဗုံမဆင့်ပါပဲ အာဏာကို လက်လွတ်
မခံလိုခြင်း၊ တိုင်းပြည်ကို သူတို့သာလျှင် ချစ်တတ်ကြပြီး အမွေအရပ်ရပ်ကို ဆက်ခံပိုင်ခွင့်ရှိသူအဖြစ် ခံယူထားခဲ့ခြင်းတွေက ပြည်သူတွေကို အထိနာစေခဲ့ပါတယ်။
တတိယအုပ်စုဖြစ်တဲ့ စစ်တပ်က ပြောင်းလဲလိုသည့်အချိန်ကျမှသာ ပြုပြင်ပြောင်းလဲရေး လမ်းစကို အစချီနိုင်ခဲ့လေသည်၊ဒီလို အစချီခြင်းနှင့်အတူ နိုင်ငံရေးအပေးအယူအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း
စေ့စပ်ညှိုနှိုင်းမှုတွေ ကကျွဲကူးရေပါဆိုသလို အလိုက်သင့်ဖြစ်လာခဲ့ပြီး NLDသည်လည်း ၂၀၁၀ ရွေးကောက်ပွဲကို
သပိတ်မှောက်ခဲ့ရာကနေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ပြိုင်ပြီး လွှတ်တော်အတွင်း နေရာတချို့ရခဲ့ပြီး
တချိန်က ခေါင်းပါးခဲ့သည့် နိုင်ငံရေးယဉ်ကျေးမှုတွေလည်း ပြန်လည်အသက်ဝင်နေပြီဖြစ်သည်။
အခက်အခဲပေါင်းမြောက်များစွာ ပေးဆပ်မှုပေါင်း မြောက်များစွာကို ၂၃ ကြာခံခဲ့ရပြီး ပြုပြင်ပြောင်းလဲရေး လမ်းကိုလျှောက်လှမ်းဖို့ခရီးနှင်ဖို့အတွက် အင်္ဂျင် နှိုးကာစကာလမှာ ရှစ်လေးလုံးတိုက်ပွဲရဲ့ ၂၅ နှစ်မြောက်
ငွေရတု ဆိုသည့် အမှတ်အသားသည် ကာလံဒေသံ နှင့်ကိုက်ညီပါရဲ့လားဆိုတာကိုလဲ အတွေးနယ်ချဲ့လိုက်မိ
ပါတယ် ။
၈၈အရေးတော်ပုံသည် သမိုင်းသင်္ခန်းစာယူရမည့် အရေးတော်ပုံအဖြစ်လည်းကောင်း
တနိုင်ငံလုံးနဲ့သက်ဆိုင်သည့် အရေးတော်ပုံအဖြစ်လည်းကောင်း၊ လူတစ်စု ရဲ့အမွေခံ အဖွဲ့အစည်းတစ်ခုရဲ့
အမွေခံ မဖြစ်စေလိုခြင်းအဖြစ်လည်းကောင်း ရှုမြင်လိုပါသည်။
သန်းထွန်း (TGKN)
0 comments:
Post a Comment