မြန်မာပြည် ပြန်ရောက်တော့ မိတ်ဆွေဟောင်း ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ တစ်ယောက်ပီး တစ်ယောက် တွေ့ဖြစ်တယ်..... ကြားရတဲ့ သတင်းကတော့ သတင်းကောင်းပဲ.... အကုန်လုံးလိုလို လစာတွေလည်း တိုးလာကြသလို အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေလည်း အများကြီးပဲလို့ သူတို့က ပြောကြတယ်...... ဒီအထဲမှာ တောကနေ ရန်ကုန်ကို တက်လာပီး အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်လည်း အရင်ထက် လစာ ၂ ဆ ကျော်ရတဲ့ ကုမ္ပဏီမှာ အလုပ်ရနေတယ်ဆိုတာ သိရတော့ ဝမ်းသာမိတယ်......
တစ်ချိန်က စီးပွားရေး တော်တော် အဆင်မပြေတဲ့အပြင် သူ့လစာကိုပဲ သူ့အိမ်က မှီခိုနေရတာကို သိထားတဲ့ ကိုယ့်အတွက်တော့ ဒါတွေဟာ မုဒိတာပွားစရာ ကိစ္စတွေဖြစ်နေတယ်......
စိတ်ထဲမှာ စဉ်းစားမိတာတော့ ဒါဟာ စီးပွားရေး ပိတ်ဆို့မှုတွေ ပယ်ဖျက်လိုက်ခြင်းရဲ့ အကျိုးရလာဘ်တွေဟာ ဘယ်သူတွေ ဘာပဲ ဘယ်လိုပြောပြော အောက်ခြေလူတန်းစားအထိ သက်ရောက်မှု ရှိနေတာ သက်သေပါပဲ...... စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ်မှာ အလုပ်လုပ်ကြတဲ့ ကောင်မလေးတွေ ဖာ ဖြစ်ခဲ့ကြတယ်.... စီးပွားရေး ပိတ်ဆို့တော့ အရင်ကထက် ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ဘဝဟာ အတော်လေး တိုးတက်အဆင်ပြေလာတာ လက်တွေ့ဖြစ်ရပ်တွေဆိုတာ ငြင်းလို့မရတာ သက်သေတွေပါပဲ......
တစ်ချိန်ကတော့ စီးပွားရေး ပိတ်ဆို့မှုကို အင်တိုက်အားတိုက် ထောက်ခံခဲ့သူတွေ ရှိခဲ့ကြသလို၊ စီးပွားရေး ပိတ်ဆို့မှု ပြန်ဖွင့်ပေးတာကို မထောက်ခံချင်သူတွေလည်း တွေ့ခဲ့ရပီးတော့၊ စီးပွားရေး ပိတ်ဆို့ခဲ့တဲ့ အမေရိကန်ကိုယ်တိုင် သူတို့ရဲ့ အစောပိုင်း ပြုလုပ်ခဲ့တဲ့
စီးပွားရေး ပိတ်ဆို့မှုတွေဟာ စစ်အစိုးရကို ထိခိုက်မှုမရှိသလောက် နည်းခဲ့ပီး အောက်ခြေလူတန်းစားကို ထိခိုက်စေတယ်လို့ ဝန်ခံခဲ့တယ်..... တကယ့်လက်တွေ့မှတော့ ဘာဆိုတာ ဝန်ထမ်းလုပ်တဲ့သူတွေ အသိဆုံးပါပဲ.....
အခုလို ပွင့်လင်းလာတဲ့ အခွင့်အလမ်းတွေကြားမှာ ဝန်ထမ်းတွေဟာ လစာကောင်းကောင်းနဲ့ အလုပ်တွေကို ရွေးချယ်ခွင့် ရှိနေသလို၊ အဲ့ဒိအခွင့်အလမ်းတွေမှာ ဝင်ရောက်တိုးဖို့ ပြည်ပက ပြန်လာမယ့် လူ့စွမ်းအားတွေလည်း အများကြီး ရှိနေတာကို သတိထားမိတယ်..... အဲ့ဒိအထဲမှာ ကိုယ်လည်း အပါအဝင်ပေါ့.....
ဘာတွေ တွေ့လာလဲဆိုတော့ အရင်က စီးပွားရေး ပိတ်ဆို့ခံခဲ့ရတာဟာ အစိုးရ အသုံးမကျလို့လို့ ပြောခဲ့ကြတဲ့ သူတွေဟာ ဒီအခွင့်အရေးတွေမှာ ပါဝင်စီးမြောရင်း လစာကောင်းကောင်းတွေနဲ့ အခန့်သား ဖြစ်နေကြတာ တွေ့ရပြန်တဲ့.....
ဒါပေမယ့် သူတို့ကတော့ ဒါတွေဟာ အခုအစိုးရရဲ့ ကြိုးစားမှု မဟုတ်ဘူးလို့ ပြောနေတာတွေ တွေ့ရတော့ ပြုံးမိတယ်.....
ဘေးထိုင်၊ ဘုပြော၊ ကြိုးစားမှု မရှိတဲ့သူတွေအတွက်တော့ အခွင့်အလမ်းတွေ ဘယ်လောက်ပဲလာလာ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေတာပါပဲ.....
အရင်ကတော့ စီးပွားရေး ပိတ်ဆို့တာဟာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုပီး အစိုးရနဲ့ အတိုက်အခံ အပြန်အလှန် အပြစ်တင်ခဲ့ကြပေမယ့် ခုချိန်ထိတော့ ဘယ်သူမှ သူတို့အပြစ်ကို ဝန်ခံကြတာ မတွေ့ရပဲ ဗြောင်ငြင်းနေဆဲပါပဲ......
ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ စီးပွားရေး ပိတ်ဆို့ခံရတဲ့ အဖြစ်မျိုး ပြန်မဖြစ်စေချင်တော့ပါ.......
မြန်မာပြည်ကြီးမှာ ရာခိုင်နှုန်း တော်တော်များတဲ့ လခစား ဝန်ထမ်းတွေဘဝ သာယာစိုပြေသထက် စိုပြေပါစေလို့ပဲ ဆုတောင်းလိုက်မိပါတယ်.......
- Voice of James Mint
0 comments:
Post a Comment